Skip to product information

Reusable Period Disc - Small

Vendor: The Mix By Su
SKU: TME-MDS
Product type: Reusable Clothes
K25,000

လတ်တလောအခြေအနေအရ ပစ္စည်း နှင့် ငွေဈေးနှုန်းအပြောင်းအလဲရှိပါသဖြင့် ရောင်းဈေးအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။

In stock
Product subtotal: K25,000.00
Reusable Period Disc - Small
Reusable Period Disc - Small
K25,000.00

ဓမ္မတာနေ့ရက်များကို ပိုမိုလွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ့် ရေရှည်သုံး ထုတ်ကုန် 

**ထူးခြားချက်များ:**
• တစ်ခါဝယ်ယူရုံဖြင့် ၅ နှစ်အထိ အသုံးပြုနိုင်
• အနံ့ဆိုးများ လုံးဝကင်းစင်
• နူးညံ့ပျော့ပြောင်းသော ဒီဇိုင်းဖြင့် နာကျင်မှုမရှိ
• လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်
• သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်
• Waste-Free | 100% medical grade silicone.

**အသုံးပြုနည်း:**
လက်များကို သန့်ရှင်းစွာဆေးကြောပြီး ရေနွေးဖြင့် ပိုးသတ်ပါ။ Disc ကို အလျားလိုက်ညှစ်၍ ဆောင့်ကြောင့်ထိုင်လျက် (သို့) ခြေတစ်ဖက်မြှောက်လျက် ဖြည်းညှင်းစွာ ထည့်သွင်းပါ။ ဆီးခုံရိုးအပေါ်တွင် အံဝင်ခွင်ကျ ဖြစ်သည်အထိ ထည့်သွင်းပါ။ ပြန်လည်ထုတ်လိုပါက ကြွက်သားများကို ဖြေလျှော့ထား၍ လက်ကိုင်နေရာမှ ညှင်သာစွာ ဆွဲထုတ်ပါ။

**သိမ်းဆည်းနည်း:**
အသုံးပြုပြီးတိုင်း ရေအေးနဲ့ အရေဆေးပြီး ဆပ်ပြာရည်နဲ့ သေချာလေး သန့်စင်ပေးရပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူထဲ ၃-၅ မိနစ်လောက် ထည့်ပြီး ပိုးသတ်လိုက်ပါ။ သန့်ရှင်းတဲ့အဝတ် သို့ Paper Towel နဲ့ သုတ်ပေးပါ။ သန့်ရှင်းတဲ့ အိတ် ဒါမှမဟုတ် ဘူးလေးထဲ ထည့်သိမ်းထားပြီး အပူချိန်မြင့်တဲ့နေရာတွေ၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေကနေ ရှောင်ထားပေးနော်။ နောက်တစ်ခါ သုံးတော့မယ်ဆိုရင်လည်း ရေနွေးနဲ့ ထပ်ပိုးသတ်ပေးဖို့ မမေ့နဲ့နော်။

**Menstrual Disc အရွယ်အစား ရွေးချယ်နည်း:**
Small Size (15ml) က ဓမ္မတာသွေးဆင်းနည်းတဲ့သူတွေ၊ ကိုယ်လက်အလေးချိန် ပိန်ပိန်ပါးပါးဖြစ်သူတွေအတွက် အဆင်ပြေပြီး၊ Large Size (25ml to 30ml) ကတော့ ကိုယ်ဝန်ဆောင်ဖူးသူတွေ၊ ဓမ္မတာသွေးဆင်းများတဲ့သူတွေနဲ့ ကိုယ်လက်အလေးချိန် ပုံမှန်နဲ့အထက်ရှိသူတွေအတွက် ပိုသင့်တော်ပါတယ်။ အသက်အရွယ်ထက် ကိုယ့်ရဲ့ flow နည်း/များပေါ်မူတည်ပြီး ရွေးချယ်တာ ပိုကောင်းပါတယ်။ ဥပမာ အပျိုဖြစ်နေပေမယ့် flow များတယ်ဆိုရင် Large Size က ပိုအဆင်ပြေနိုင်ပါတယ်။

Recently viewed products

Related products