Yogurt Soap 4oz
လတ်တလောအခြေအနေအရ ပစ္စည်း နှင့် ငွေဈေးနှုန်းအပြောင်းအလဲရှိပါသဖြင့် ရောင်းဈေးအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။
Couldn't load pickup availability

အသားအရေ စိုပြေနူးညံ့စေပြီး အမည်းစက်များကို သက်သာစေမယ့် ဒိန်ချဉ်ဆပ်ပြာ
ဒိန်ချဉ်ဆပ်ပြာလေးက အသားအရေကို အစိုဓာတ်အပြည့်ရစေပြီး၊ သဘာဝအတိုင်း ဖြူဝင်းစေမှာပါ။ ဒိန်ချဉ်ထဲက အက်ဆစ် က အသားအရေကို သေချာဖွတ်ပေးလို့ အမည်းစက်၊ အမာရွတ်တွေကို တဖြည်းဖြည်း ပျောက်ပေးနိုင်ပါတယ်။ သဘာဝ ဆီကောင်းဆီသန့်တွေဖြစ်တဲ့ သံလွင်ဆီနဲ့ Palm oil တို့ကို အခြေခံထားတာမို့ အသားအရေကို ခြောက်သွေ့စေတာမျိုး မရှိပါဘူး။ Vitamin E ပါဝင်တာကြောင့် အသားအရေကို နူးညံ့ချောမွေ့စေပြီး၊ Glycerin က အစိုဓာတ်ကို ထိန်းသိမ်းပေးလို့ သဘာဝကျကျ ပြုပြင်ထိန်းသိမ်းချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။
**အသုံးပြုပုံ**
* ပုံမှန် မျက်နှာသစ်ဆပ်ပြာအတိုင်း အသုံးပြုနိုင်ပါတယ်။ နေ့စဉ် မနက်/ည နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ အသုံးပြုပြီးနောက် ဆပ်ပြာကို ဆက်တိုက်ရေမထိဘဲ ခြောက်သွေ့အောင်ထားပြီး နေရောင်ခြည်တိုက်ရိုက်ကျတဲ့နေရာမှာ မထားပါနဲ့။
* သက်တမ်း - ၁၂ လ
* မှတ်ချက် - နေရောင်ခြည်တိုက်ရိုက်ကျရောက်သော နေရာတွင် မထားရှိရန်
**ပါဝင်ပစ္စည်းများ:**
• ဒိန်ချဉ်
• Glycerol
• Palm oil
• Vitamin E
**အသုံးပြုရန်သင့်တော်သူများ:**
• အသားအရေ ခြောက်သွေ့သူများ
• အမည်းစက်၊ အမာရွတ်များရှိသူများ
• မညီညာသော အသားအရေရှိသူများ