Skip to product information

Dyson PencilVac Fluffycone cleaner

Vendor: Dyson
SKU: 23153014001
Product type: Cleaner
K2,990,000
Color: Black

လတ်တလောအခြေအနေအရ ပစ္စည်း နှင့် ငွေဈေးနှုန်းအပြောင်းအလဲရှိပါသဖြင့် ရောင်းဈေးအနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။

In stock
Product subtotal: K2,990,000

Dyson PencilVac Fluffycones™ – သင့်အိမ်အတွက် ကမ္ဘာ့အပါးလွှာဆုံးနှင့် အပေါ့ပါးဆုံး ဖုန်စုပ်စက်

  • ခဲတံတစ်ချောင်းလို သေးသွယ်လှပတဲ့ ဒီဇိုင်းနဲ့ လက်ထဲမှာ ကိုင်ထားတယ်လို့တောင် မထင်ရတဲ့အထိ ပေါ့ပါးပြီး ပုံမှန်ဖုန်စုပ်စက်တွေ မရောက်နိုင်တဲ့ ထောင့်ချိုးတွေကိုပါ သန့်ရှင်းရေးလုပ်လို့ ရတယ်။ ကော်ဇောထက် ကြွေပြားနဲ့ ပါကေးလို ကြမ်းခင်းအမာများတဲ့ ဧည့်ခန်းတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိတဲ့ နေအိမ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အချိန်တိုအတွင်း နေရာစုံ၊ ထောင့်စုံကို ခပ်သွက်သွက် သန့်ရှင်းရေး လုပ်ချင်သူများအတွက် အထူးသင့်လျော်တဲ့ Premium product လေး ဖြစ်ပါတယ်။
  • World’s Slimmest Design: ကိုယ်ထည်ရှည်လျားသေးသွယ်ပြီး လုံးပတ်တစ်လက်မခွဲလောက်ပဲ ရှိတဲ့အတွက် တံမြက်စည်းလှည်းသလို ပေါ့ပါးသွက်လက်စွာ အသုံးပြုနိုင်ပါတယ်။
  • Fluffycones™ de-tangle long hair: ကမ္ဘာ့ပထမဆုံး ခုံးဝိုင်းပုံစံ Soft Roller ဘရပ်ရှ် (၄) ခုပါဝင်တာကြောင့် ဆံပင်နဲ့ အမွှေးအမျှင်အရှည်တွေ ငြိတွယ်ခြင်း လုံး၀ မရှိဘဲ ဘေးဘောင်အစွန်းတွေအထိ ကပ်၍ ဖုန်စုပ်ပေးနိုင်တယ်။
  • Double Lasers / LED Illumination: ဖုန်စုပ်ခေါင်းရဲ့ ရှေ့၊ နောက် နှစ်ဖက်စလုံးမှာ လေဆာမီးတွေ ပါ၀င်တဲ့အတွက် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
  • 360° Maneuverability: ဖုန်စုပ်ခေါင်းရဲ့ 360° လှည့်ပတ်နိုင်တဲ့အတွက် ခုတင်၊ ဆိုဖာ အောက်ခြေတွေကိုပါ သန့်ရှင်းပေးနိုင်ပါတယ်။
  • Dyson Hyperdymium™ Motor: 140,000 rpm အထိ လည်ပတ်နိုင်တဲ့ မော်တာကြောင့် ကြွေပြားလို ကြမ်းခင်းအမာပေါ်က ဖုန်မှုန့်တွေ၊ အမှိုက်တွေကို 55AW လေစုပ်အားနဲ့ တစ်စတလေမျှ မကျန်အောင် စုပ်ယူပေးနိုင်ပါတယ်။
  • Hygienic Syringe-Action Bin Emptying: အမှိုက်ပုံးထဲ သွန်တဲ့အခါ ဖုန်တွေ လွင့်မသွားအောင် ဆေးထိုးပြွန်လေးလို အောက်တွန်းချရုံနဲ့ ဖုန်တွေ ကျသွားတဲ့ Syringe Action စနစ်ကို သုံးထားတဲ့အတွက် သန့်ရှင်းရေးလုပ်ပြီးလို့ ဖုန်တွေ ပြန်လွင့်မှာကို စိတ်ပူစရာ မလိုတော့ပါဘူး။
  • Magnetic Charging Dock: Grab-and-go အောက်ချထားလို့ ရတဲ့ သံလိုက်အားသွင်းပြားကြောင့် သုံးချင်တဲ့အခါမှာလည်း အလွယ်တကူ ယူသုံးနိုင်ပြီး သိမ်းတဲ့အခါမှာလည်း အလုပ်မရှုပ်တော့ဘဲ စနစ်တကျနဲ့ အားပြန်သွင်းထားလို့ ရပါတယ်။
  • Battery & Run Time: ၃ နာရီကျော် တစ်ကြိမ် အားအပြည့်သွင်းပြီးရင် နာရီ၀က်လောက် တောက်လျှောက်သုံးနိုင်တဲ့အတွက် နေ့စဥ် နည်းနည်းချင်း ပုံမှန်သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။

Recently viewed products

Related products