{"product_id":"reusable-period-disc-small","title":"Reusable Period Disc - Small","description":"\u003cp\u003eဓမ္မတာနေ့ရက်များကို ပိုမိုလွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မယ့် ရေရှည်သုံး ထုတ်ကုန် \u003c\/p\u003e\n\u003cp\u003e**ထူးခြားချက်များ:**\u003cbr\u003e• တစ်ခါဝယ်ယူရုံဖြင့် ၅ နှစ်အထိ အသုံးပြုနိုင်\u003cbr\u003e• အနံ့ဆိုးများ လုံးဝကင်းစင်\u003cbr\u003e• နူးညံ့ပျော့ပြောင်းသော ဒီဇိုင်းဖြင့် နာကျင်မှုမရှိ\u003cbr\u003e• လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်\u003cbr\u003e• သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်\u003cbr\u003e• Waste-Free | 100% medical grade silicone.\u003c\/p\u003e\n\u003cp\u003e**အသုံးပြုနည်း:**\u003cbr\u003eလက်များကို သန့်ရှင်းစွာဆေးကြောပြီး ရေနွေးဖြင့် ပိုးသတ်ပါ။ Disc ကို အလျားလိုက်ညှစ်၍ ဆောင့်ကြောင့်ထိုင်လျက် (သို့) ခြေတစ်ဖက်မြှောက်လျက် ဖြည်းညှင်းစွာ ထည့်သွင်းပါ။ ဆီးခုံရိုးအပေါ်တွင် အံဝင်ခွင်ကျ ဖြစ်သည်အထိ ထည့်သွင်းပါ။ ပြန်လည်ထုတ်လိုပါက ကြွက်သားများကို ဖြေလျှော့ထား၍ လက်ကိုင်နေရာမှ ညှင်သာစွာ ဆွဲထုတ်ပါ။\u003c\/p\u003e\n\u003cp\u003e**သိမ်းဆည်းနည်း:**\u003cbr\u003eအသုံးပြုပြီးတိုင်း ရေအေးနဲ့ အရေဆေးပြီး ဆပ်ပြာရည်နဲ့ သေချာလေး သန့်စင်ပေးရပါမယ်။ ပြီးရင်တော့ ရေနွေးဆူဆူထဲ ၃-၅ မိနစ်လောက် ထည့်ပြီး ပိုးသတ်လိုက်ပါ။ သန့်ရှင်းတဲ့အဝတ် သို့ Paper Towel နဲ့ သုတ်ပေးပါ။ သန့်ရှင်းတဲ့ အိတ် ဒါမှမဟုတ် ဘူးလေးထဲ ထည့်သိမ်းထားပြီး အပူချိန်မြင့်တဲ့နေရာတွေ၊ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေကနေ ရှောင်ထားပေးနော်။ နောက်တစ်ခါ သုံးတော့မယ်ဆိုရင်လည်း ရေနွေးနဲ့ ထပ်ပိုးသတ်ပေးဖို့ မမေ့နဲ့နော်။\u003c\/p\u003e\n\u003cp\u003e**Menstrual Disc အရွယ်အစား ရွေးချယ်နည်း:**\u003cbr\u003eSmall Size (15ml) က ဓမ္မတာသွေးဆင်းနည်းတဲ့သူတွေ၊ ကိုယ်လက်အလေးချိန် ပိန်ပိန်ပါးပါးဖြစ်သူတွေအတွက် အဆင်ပြေပြီး၊ Large Size (25ml to 30ml) ကတော့ ကိုယ်ဝန်ဆောင်ဖူးသူတွေ၊ ဓမ္မတာသွေးဆင်းများတဲ့သူတွေနဲ့ ကိုယ်လက်အလေးချိန် ပုံမှန်နဲ့အထက်ရှိသူတွေအတွက် ပိုသင့်တော်ပါတယ်။ အသက်အရွယ်ထက် ကိုယ့်ရဲ့ flow နည်း\/များပေါ်မူတည်ပြီး ရွေးချယ်တာ ပိုကောင်းပါတယ်။ ဥပမာ အပျိုဖြစ်နေပေမယ့် flow များတယ်ဆိုရင် Large Size က ပိုအဆင်ပြေနိုင်ပါတယ်။\u003c\/p\u003e","brand":"The Mix By Su","offers":[{"title":"Default Title","offer_id":48341402747098,"sku":"TME-MDS","price":25000.0,"currency_code":"MMK","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0813\/9938\/2234\/files\/menstrualdisc.png?v=1786698767","url":"https:\/\/dzay.com.mm\/products\/reusable-period-disc-small","provider":"DZay","version":"1.0","type":"link"}